အိပ်မပျော်တဲ့ ညထဲကိုဝင်ကြည့်
နာကျင်မှုတွေ အပြည့်နဲ့ ...
မျက်ရည်ဝဲနေတဲ့ စကားလုံးတစ်ချို့က
ဆို့နင့်လို့ပေါ့ ...
ပြက္ခဒိန်ဟောင်းပေါ်က စကားလုံးတွေမှာ
ဒဏ်ရာတွေ အနာမကျက်သေးဘူး
အသစ်ဖြစ်လာတဲ့ အတိတ်တွေက
ညနေခင်းတစ်ခုမှာ အုံဖွဲ့လို့
နာကျင်မှုတွေကို ...
အကြိမ်ကြိမ်ရွာချနေလေရဲ့ ... ။ ။
လူပိုး
Posted by ခံစားချက်ကဗျာလေးများရှင်သန်ရာ
No comments:
Post a Comment