တွန့်ကြေခေါက်ရိုးကျနေတဲ့ နှလုံးသားမှာ
ဒဏ်ရာတွေနဲ့ခြေက်ကပ်လို့ ...
ပျောက်ဆုံးနေတဲ့ အိုအေစစ်တစ်ခုကို
အစားမထိုးနိုင်သေးတဲ့ ...
ကန္တာရလူက ... ငါပါ ...
နာကျင်မှုကို ...
အရသာခံဆိုညည်းရင်း
ကြယ်ကြွေတိုင်း ဆုတောင်းနေမိတဲ့
အရူးတစ်ယောက်ရဲ့ တမ်းချင်းမှာ
ကြယ်တွေသာဝေးသွားတယ် ...
လင်းလိုက် မှောင်လိုက်နဲ့ ကမ္ဘာတစ်ခြမ်းမှာ
အတိတ်က ပြက္ခဒိန်ကိုပြန်ဆွဲကြည့်ရင်
နေ့စွဲတွေသာ ...
တစ်ရွက်ပြီးတစ်ရွက်လွင့်ကျလာတယ် ...
ငါ့အိမ်မက်တွေနိုးမလာပါဘူး
အသက်မဲ့နေတဲ့ ပစ္စုပ္ပန်ရင်ခွင်တည့်တည့်မှာ
နာကျင်မှုတွေ ရှင်သန်နေတာခက်တယ် ...။။။။။
။။။။။ခရောင်း။။။။။
Posted by ခံစားချက်ကဗျာလေးများရှင်သန်ရာ
No comments:
Post a Comment