ကျွံဝင်ပြီးသား
ငါ့နှလုံးသားတစ်စုံမှာ
နင်က ...
ငါ့အတွေးတွေမှာတောင်
သိမ်းပိုက်ထားပြီးသားပါ ...
ဝေးကွာခြင်းဆိုတာ ...
အဝေးဆုံးထိမပြောနဲ့
ငါ ...
အတွေးတဆုံးထိတောင်
မတွေးရဲဘူးလေ ...
ခဲမှန်ဖူးတဲ့ ...
စာသူငယ်ရဲ့ရင်ထဲမှာ
တလန့်နိုးနိုးနဲ့
ထားသွားခဲ့လေမလား ဆိုတဲ့
အရိပ်ဆိုးတွေက ...
အကြိမ်ကြိမ်လှုပ်နှိုးခဲ့လို့
ရက်စွဲတိုင်းမှာ ...
ဥာဥ့်နက်ပေါင်းလည်း များခဲ့ပြီဟာ ... ။ ။
လူပိုး
Posted by ခံစားချက်ကဗျာလေးများရှင်သန်ရာ
No comments:
Post a Comment