အချစ်စစ်နဲ့ချစ်ခဲ့ပေမယ့်
နင်က ...
အချစ်သစ်နဲ့တွေ့သွားတဲ့အခါ
ငါက ... နင့်ရဲ့ PK တစ်ခုပဲပေါ့ဟာ ...
နင့်ရဲ့မာယာတွေနဲ့
ထွေးထုတ်ပစ်ပါယ်လို့
ငါ့နှလုံးသားတစ်ခုလုံးကို နင်းခြေ ...
နင်အပျင်းပြေဖတ်တဲ့ ဝတ္ထုတစ်ပုဒ်ရဲ့
နိဂုံးမှာ ...
ငါက ... အသည်းကွဲသွားပြီလေ ။
မနာကြည်းရက်ပေမယ့် ...
နာကျင်စွာပြုံးပြနေရတဲ့
ဟန်ဆောင်အပြုံးတွေက
ငါ့ရဲ့အဖြူစင်ဆုံးမျက်ရည်တွေပါ ... ။
လွမ်းစရာမကောင်းလို့မလွမ်းပေမယ့်
တိုက်ဆိုင်မှုတွေရှိတိုင်း
သတိရနေမိတယ် ... ။
ပြန်လာပါလို့မတောင်းဆိုပေမယ့်
ပြန်မရနိုင်တာက အတိတ်ဆိုရင်
ငါ ...
ပစ္စုပ္ပန်က ...
တိတ်တဆိတ်ထွက်သွားချင်ပြီ ...။ ။
လူပိုး
Posted by ခံစားချက်ကဗျာလေးများရှင်သန်ရာ
No comments:
Post a Comment