အကြွေစောတဲ့ ပန်းလေးတစ်ပွင့်ကို
ငါခုထိ ...
ရူးမိုက်စွာ ... ယုယစွာမျှော်လင့်လို့
ထွေးပိုက်ခွင့်ရချင်သေးတယ် ...
ပဝါပဲခြားခြား ... တံတိုင်းပဲခြားခြားဟာ
ငါ့အတွေးမှာ ... နင်ကဖြူစင်နေတုန်းပါ
ဆန္ဒနဲ့ဘဝ ...
လက်တွေ့မကျသေးဘဝမှာ
ငါ့မျက်ရည် အပြေးအလွှားဆင်းသက်လာတာ
မဆန်းတော့ပါဘူးဟာ ...
ငါနင့်ကို ထာဝရမျှော်လင့်နေတုန်းပါ ...
နင်... ထာဝရပြန်လာခဲ့ပါဟာ ...။
လူပိုး
Posted by ဇော်ရဲ { ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment