ပျော်ရွှင်ခြင်းနဲ့ မစတင်ခဲ့ရသလို ...
အဆုံးသတ်က ဝမ်းသာခြင်းလည်းမဟုတ်ခဲ့ဘူး
ရက်စက်တယ်လို့ပြောရအောင်လည်း
နင်နဲ့ ... ငါက ချစ်သူတွေမဟုတ်ခဲ့ဘူးလေ ...
နာကျင်မှုတွေနဲ့ တယုတယပျိုးခဲ့တဲ့
ပန်းတစ်ပွင့်က ...
တဒင်္ဂအတွင်းမှာ ကြွေလွင့်သွားပြီဟာ ...
မီးတောက်လေးတစ်ခုက...
ငါ့ ရင်ဘတ်တစ်ခုလုံးကို ပြာကျသွားခဲ့တယ် ...
အခြေအနေတွေဘယ်လိုပဲပြောင်းပြောင်း
နင် ... သူ့ရင်ခွင်ကရုန်းထွက်ခဲ့ပါ ...
နောင်တမဲ့စွာနဲ့ နင့်ကိုမျှော်လင့်နေတုန်းပါ
ရူးတယ်ဆိုရင်တောင် ...
ငါ့ရင်ထဲကအချစ်တွေက ...
အရာအားလုံးသာပါတယ်...
သူ ... နင့်ကိုမပေးဆပ်ရဲတဲ့
သတ္တိတွေ... ငါ့မှာရှိတယ် ...
နင်ယုံနိုင်မလားဟာ ...
သူ့အချစ်ထက် ...
ပိုပြီးပေးဆပ်နိုင်တဲ့ အချစ်တွေ ...
ငါ့မှာရှိတယ်ဆိုတာ ...
နင်နားလည်လာမှာပါ ...
နင့်ကိုငါ ... မျှော်လင့်နေတုန်းပါ ...
ကောင်မလေးရယ် ...
င်္
( Broken Diary ) လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment