ငါအရမ်းချစ်မိနေတဲ့ ... နင်က
ငါမဟုတ်တဲ့ အခြားတစ်ယောက်နဲ့
ငါနင့်ကို အရမ်းပြောချင်တဲ့စကားလုံးတွေကို
ငါ့ထက်အရင် ... သူပြောသွားပြီလေ ...
ငါမက်ခဲ့တဲ့ ... မျှော်လင့်ချက်အိမ်မက်တွေကို
နင်သူ့ကို ... ထာဝရပေးမက်လိုက်ပြီလားဟာ
နာကျင်စွာ ဝိုးတဝါးအတွေးတွေက
ငါ့ကိုမွန်းကြပ်စွာပိတ်နှောင်ထားခဲ့တာ ...
ဥာဥ့်နက်တိုင်းပေါ့ ...
စိုးထိတ်မှုတွေနဲ့ ...
ကြောက်ရွံ့နေခဲ့တဲ့ ... ငါ့အတွက်
မျှော်လင့်ချက်တွေက အလင်းမဲ့ပြီး ...
ပစ္စုပ္ပန်က ခါးသီးလွန်းပါတယ်ဟာ ... ။ ။
လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment