မဖြစ်နိုင်မှန်းသိပေမယ့် ...
အမှန်တရားကို ငြင်းဆန်နေမိတာက
အတ္တဆိုရင် ...
အထီးကျန်ခေါင်းစဉ်အောက်မှာ
ငါ ... ထာဝရှိနေမှာပါ ... ။
ဥပက္ခာတွေများလာတဲ့အခါ
ငါနှလုံးသားလည်း ...
နာကျင်မှုတွေနဲ့ ကျင့်သားရလာမှာပါ
နင်မမှားပါဘူး ... ကောင်မလေးရယ်
လရောင်အပြည့်နဲ့ ...
ကြယ်ဝေးသူ ... ငါကသာ
အမှားတွေနဲ့ ဖြူစင်ခဲ့တာပါ ...
ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးဟာ
ငါ့မျက်ရည်တွေမခမ်းသရွေ့ ...
အလွမ်းတွေကြွေနေဦးမှာပါ ... ။ ။
လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment