အမွန်းကြပ်ဆုံးဟန်ဆောင်မှုတွေနဲ့
တိတ်တခိုးခံစားချက်တွေကို ... မျက်ကွယ်ပြုလို့
သူငယ်ချင်းဆိုတဲ့ စည်းတစ်ချောင်းအောက်မှာ
အိမ်မက်တွေကို ကန့်လန့်ကာချခဲ့ရသူက
... ငါပါ ...
တစ်ခါတစ်ခါ ...
ကြယ်မစုံတဲ့ ငါ့ဘဝရဲ့အလယ်မှာ
လမင်းလေးကို ... ငါတစ်ယောက်တည်း
ပိုင်ဆိုင်ချင်မိတယ် ...
အတ္တဆန်သွားလား ... သူငယ်ချင်း
ငါ့ရင်ထဲက ... အဖြူစင်ဆုံးနာကျင်ခြင်းတွေကို
နင်မှမဖတ်တတ်သေးတာ ... ။
လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment