ကောင်မလေးရယ် ...
တိမ်စိုင် တိမ်နွယ်တွေရဲ့
ရစ်ပတ်မှုမျိုးက ...
အနှောင်အတွယ်မရှိ
လေနှင်ရာလွင့်ဖို့အတွက်
အိမ်မက်ခရီးကလည်းအပြေးအလွှားပေါ့ ...
ဒါပေမယ့် ... ငါ့မှာတော့
သမုဒ္ဒရာထဲကျသွားတဲ့ ခဲတစ်လုံးလိုပဲ
နင့်ကိုချစ်မိသွားလို့ ...
ဆယ်ယူဖို့ အရမ်းခက်ခဲတယ် ။
လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment