တစ်ခဏတာ မဟုတ်ပါဘူး ...
ကောင်မလေးရယ် ...
တစ်ဘဝစာအပြည့်နဲ့
မေတ္တာရေ မျှော်လင့်နေတဲ့ကောင်ပါ ...
ပထမလူမဖြစ်နိုင်ရင်တောင်
ဒုတိယလူ ဖြစ်ပိုင်ခွင့်
ငါ့မှာရှိသေးရင်ပေါ့ ...
အရာအားလုံးကို ကျောခိုင်းလို့
အရာရာတိုင်းအတွက်
ဘဝသမိုင်းကို...
ငါ့အချစ်နဲ့ဖြူစင်စွာ ရေးထိုးရဲပါတယ်
နင့်လက်ကိုတွဲထားချိန်မှာ
ငါ့အတွက် ...
သစ္စာတွေသာ စီးဝင်ပေးပါ
ရတုအဆက်ဆက်မှာ
ငါ့ဘေးမှာ နင်ရှိနေပေးပါ
ကျန်တာတွေမလိုပါဘူး
နင်ရှိနေရင် ... ပြည့်စုံတဲ့အိမ်မက်ပါ
ထာဝရရှင်သန်နေမှာပါ ...
နေ့ရက်တိုင်းအတွက်ပေါ့ ...။
လူပိုး
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment