နင်ယုံနိုင်မလား ...
နှလုံးသားတစ်စုံ ကြည်ကြည်နူးနူးပျော်ရွှင်စေဖို့
အတွက် ...
ငါ့အပြုံးတုတစ်ချို့နဲ့ ကျေနပ်ပေးခဲ့တယ်ဆိုတာ...
နင်ယုံနိုင်မလား ...
ရင်ခွင်တစ်နေရာ နာကျင်မှုဒဏ်သက်သာစေဖို့
အတွက် ...
ငါ အငှားမျက်နှာဖုံးနဲ့ လှလှပပပြုံးပြခဲ့တယ်
ဆိုတာ ...
နင်ယုံနိုင်မလား ...
အချစ်တစ်ခုရဲ့ အရိပ်တစ်ခုအောက်ကရုန်းထွက်
ဖို့အတွက် ...
သေဆုံးတော့မယ့် ဝိဥာဉ်တစ်ကောင်ရဲ့
ခံစားချက်နဲ့ လှည့်ထွက်ခဲ့တယ်ဆိုတာ ...
နင်ယုံနိုင်မလားတော့ မသိဘူးဟာ ...
ခံစားချက်မဲ့နေတဲ့နှလုံးသားနဲ့
ထောင်ချောက်မိနေတဲ့ သံယောဇဉ်တွေကြား
ကုန်နိုင်ခဲတဲ့ နာရီတွေကို ...
တစ်စက္ကန့်ခြင်းပေးဆပ်ရင်း ...
့ဖြတ်သန်းရင်း ...
ကျွံဝင်သွားတဲ့ ခံစားချက်တွေကို နှစ်သိမ့်ရင်း ...
ရုန်းထွက်ရင်း ...
ငါသေဆုံးသွားချင်ပြီဆိုတာပေါ့ ...။ ။ံ
Posted by ဇော်ရဲ{ ခံစားချက်ကဗျာလေးများရှင်သန်ရာ }
No comments:
Post a Comment