အဝေးဆုံးလည်း ... ဝေးဘူးတယ်
အငိုမျက်လုံးနဲ့လည်း ... ပြုံးပြခဲ့ဘူးတယ်
နာကျင်မှုတွေနဲ့လည်း ... ရှင်သန်ခဲ့တယ်
မသေချာမှုတွေနဲ့လည်း ... မျှောလင့်ခဲ့ဘူးတယ်
အားလုံး ... အားလုံးအတွက်
နောင်တတွေဆိတ်သုဉ်းလို့
နာကျင်စရာတွေလွယ်ပိုးထားတဲ့ ... ငါ့ရင်ထဲ
နင် ...
ခဏလေးတောင်လှည့်မကြည့်ဘဲ
နင်ခံယူတဲ့ပျော်ရွှင်စရာတွေအတွက်
အပြီးအပိုင်ပြေးထွက်သွားပြီပဲဟာ ...
နာကျင်စွာတောင်းဆု
ငါ့မျက်ရည်တွေနဲ့ပြုခဲ့ပါတယ် ...
မနက်ဖြန်တိုင်းကပျော်ရွှင်မှုတွေ
နင် ... ထာဝရပိုင်ဆိုင်နိုင်ပါစေလို့ ။ ။
ခရောင်း
Posted by ခံစားချက်ကဗျာလေးများရှင်သန်ရာ